SKI အလုပ်အကိုင် Seminar – Andaman Eight Mirai (Job Seminar @ 21.1.2023)

About the Event

1.1.2023 ယနေ့မနက်ပိုင်း-အလုပ်အကိုင် Seminar မှာ မိတ်ဖက်အေဂျင်စီကြီးဖြစ်တဲ့ Andaman Eight Mirai ကုမ္ပဏီကြီးမှ 福本店長 Ko Myo Zaw Aung ၊ ဂျပန်ဖက် အလုပ်အကိုင်ရှာဖွေ‌ရေးတာ၀န်ခံ Mr. Tetsuichi Tashiro၊ ရုံးတာဝန်ခံ Manager Ko Min Min Htwe နှင့် တကွလိုက်ပါလာသော အကိုများအားလုံးကို SKI မှ အထူးပင် ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။
✨Andaman Eight Mirai ကုမ္ပဏီကြီးမှ ဆရာသမားများမှ ဂျပန်နိုင်ငံသို့ Training Visa, Tokutei (အထူးကျွမ်းကျင်လုပ်သားဗီဇာ) ၊ Work Visa တို့ဖြင့်အလုပ် သွားရောက်လုပ်ကိုင်လိုကြတဲ့ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံပြီး ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ကြရန်အတွက် သိသင့်၊သိထိုက်သည်များကို ရင်းနှီးစွာရှင်းလင်းပြောကြားပေးပြီး ၊ ကျောင်းသူကျောင်းသားများထံမှ မေးမြန်းလာသည်များကိုလည်း စိတ်ရှည်လက်ရှည်ဖြင့် ဖြေကြားပေးခဲ့ကြပါတယ်။
🌟Tokutei ဗီဇာ၊ Work Visa ဖြင့်အလုပ်လုပ်ရန်စိတ်ဝင်စားသူကျောင်းသားကျောင်းသူများသီးသန့်အယောက် (၁၂၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။
⭐️SKI ဟာ Andaman Eight Mirai နှင့် 2022 ခုနှစ် Dec လမှာ ကျောင်းသားများကို အလုပ်အင်တာဗျူး ဝင်ရောက်ဖြေဆိုပြီး လက်ခံပေးအောင် ညှိနှိုင်းဆွေးနွေးခဲ့ပြီး၊ 2023 ခုနှစ် Jan လဆန်း ကစပြီး SKI ကျောင်းသားများကိုအင်တာဗျူး Training များ အခမဲ့ထည့်ပေးခဲ့တာဖြစ်ပါတယ်။
⭐️SKI အနေဖြင့် ဂျပန်နိုင်ငံသို့ အလုပ်ဖြင့်သွားလိုသူများ၊ ကျောင်းဖြင့်သွားရောက်ပညာသင်ကြားလိုသူများစွာ ပညာသင်ယူနေကြတဲ့သင်တန်းကျောင်းကြီး တစ်ခုဖြစ်တာနှင့်အညီ SKI ကျောင်းသား၊ကျောင်းသူများကို ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ပိုမိုကျယ်ပြန့်စွာနှင့် ချိတ်ဆက်ပေးနိုင်ရန် တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြိုးစားဆောင်ရွက်ပေးလျှက်ရှိပါတယ်။
⭐️SKI အနေဖြင့် လက်ရှိမှာ Tokutei စားသောက်ဆိုင်သင်တန်းလည်းဖွင့်လှစ်ထားရှိပြီး ၊ Tokutei Kaigo သင်တန်းကိုလည်း 2023 Feb လမှာ ဖွင့်နိုင်အောင် စီစဥ်လျက်ရှိပါတယ်။ မိတ်ဖက်အေဂျင်စီများမှ အလုပ်ခေါ်စာများနှင့်ကိုက်ညီတဲ့ကျောင်းသားများကို အချိန်မီပေးနိုင်ဖို့အတွက် ယခုလက်ရှိမှာ Tokutei စားသောက်ဆိုင်ဖွင့်လှစ်ပြီး သင်တန်းသားပေါင်း အယောက် ၄၀ ကျော်ကို လေ့ကျင့်သင်ကြား ပေးနေလျှက် ရှိပါတယ်။
⭐️SKI မှ ကျောင်းသားများ၏ ဂျပန်စာအရည်အချင်းများနှင့်ထူးချွန်မှုများကြောင့် အင်တာဗျူးအောင်ကြတဲ့ကျောင်းသားများဟာ အလုပ်နဲ့ကော၊ကျောင်းနဲ့သွားရောက်လိုကြသူများပါ လစဥ် ပိုမိုတိုးပွါးလာနေပါတယ်။
🌺အမြဲ‌ပြောသလိုပါပဲ.. ကျောင်းသားတို့ဖက်က အမြဲကြိုးစားပေးနေသလို.. Sensei တို့ဖက်ကလည်း အမြဲကြိုးစားပြီး အလုပ်၊ကျောင်းတွေနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်နော်…

More Events