2022 December – Study in Japan Seminar

About the Event

2023 အတွင်းမှာ ဂျပန်မှာ Scholar ရယူပြီး ကျောင်းတက်ချင်သူတွေ၊ ပညာရှင်ဗီဇာနဲ့ အလုပ်လုပ်လိုသူတွေ၊ ကုန်ကျစရိတ်နည်းနည်းနဲ့ အလုပ်ရှာလိုသူတွေအတွက် ရည်ရွယ်ပြီး ကျင်းပပေးခဲ့တဲ့ SKIရဲ့ “𝟐𝟎𝟐𝟑 – 𝐒𝐭𝐮𝐝𝐲 𝐢𝐧 𝐉𝐚𝐩𝐚𝐧 & 𝐉𝐨𝐛-𝐇𝐮𝐧𝐭𝐢𝐧𝐠 𝐒𝐞𝐦𝐢𝐧𝐚𝐫” ကို 2022, ဒီဇင်ဘာလ (၂၂) ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။
ဒီ Seminar မှာ ဂျပန်သွားလိုတဲ့ ကျောင်းသား/ကျောင်းသူတိုင်း သိထားသင့်တဲ့ –
📌 EJU Course
📌 Engineering Course
📌 Kaigo Course
📌 Japan Language Specialized Course … အကြောင်းတွေကို SKI ရဲ့ Founder – U Thant Htoo Aung နှင့် SKI နဲ့ ချိတ်ဆက်ထားတဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Language School မှ Vice Director ဂျပန်ဆရာတို့က ဆွေးနွေးပြောကြားပေးခဲ့ကြပါတယ်။
တက်ရောက်ခဲ့တဲ့ ကျောင်းသား၊ မိဘတစ်ဦးချင်းစီအတွက် အထောက်အကူဖြစ်မယ်လို့လည်း SKI က ယုံကြည်ပါတယ်။ SKI ရဲ့ ကျောင်းသားတွေအတွက် တခြား Seminar/ Webnar ပေါင်းများစွာကိုလည်း ထပ်မံကျင်းပပေးမှာမလို့ တက်ရောက်ပေးကြဖို့ တိုက်တွန်းရင်း ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
🥇ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ်တွေကို တိုက်ရိုက်တက်ရောက်ချင်သူတွေအတွက် EJU Course
EJU Course – ဂျပန်တက္ကသိုလ်တွေရဲ့ 80% လောက်က EJU အောင်လက်မှတ်တောင်းတဲ့အတွက် ဂျပန်နိုင်ငံမှာ တက္ကသိုလ်ဆက်တက်မယ့်သူတွေအတွက် EJU Course ကို တက်ဖို့လိုအပ်ပါတယ်။ ဂျပန်ဖက်မှာ EJU ကို စနစ် တကျနဲ့ သင်ကြားပေးနိုင်တဲ့ Language School တွေက အရေအတွက် နည်းပါတယ်။ SKI နဲ့ ချိတ်ဆက်ထားတဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Language School မှာ EJU Course ပြီးသွားတဲ့အခါမှာ ဂျပန်စာကိုလည်း N2 Level အထိ ကျွမ်းကျင်သွားသလို EJU လက်မှတ်ရှိမှ တက်လို့ရမယ့် တိုကျိုတက္ကသိုလ်ကြီး၊ ဝါဆေးဒတက္ကသိုလ်ကြီး တွေကိုလည်း ဝင်ခွင့် တစ်ခါတည်း ရရှိနိုင်ပါတယ်။
EJU သင်ကြားပေးမည့်ဘာသာရပ်များ – သချ်ာ၊သိပ္ပံ၊ အထွေထွေဘာသာရပ် (သမိုင်း၊ပထဝီ)နှင့် ဂျပန်စာ
🥈အင်ဂျင်နီယာကျောင်းသားများနဲ့ အင်ဂျင်နီယာဘွဲ့ရများအတွက် အလုပ်ရရန် 100% သေချာသည့်
Engineering Course (လျှပ်စစ်ပညာရှင်) – ဒီလမ်းကြောင်းကိုတော့ Work Visa နဲ့သွားချင်တဲ့သူတွေ ရွေးချယ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ Engineer ဘွဲ့ရဖြစ်စေ … Engineering နဲ့သက်ဆိုင်တဲ့မေဂျာမှာ Fourth Year အထိ ပြီးမြောက်ရင်ဖြစ်စေ Engineering Course တက်နိုင်ပါတယ်။ SKI နဲ့ ချိတ်ဆက်ထားတဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Language School မှာ Engineering Course ပြီးဆုံးပြီး JESCO က လျှပ်စစ်၊ IT, Networking နဲ့သက်ဆိုင်တဲ့အလုပ်တွေမှာ ဝင်ရောက်အလုပ် လုပ်ကိုင် နိုင်မှာပါ။
ကျောင်းစရိတ်ကုန်ကျမှု သက်သာအောင်အတွက်လည်း သတင်းစာ Scholar လိုချင်သူတွေအတွက် Scholarship လျှောက်ပေးမယ့် အစီအစဉ် လည်း ထပ်ရှိပါသေးတယ်။
🥉ဘိုးဘွားပြုစုစောင့်ရှောက်ရေး စိတ်ဝင်စားသူများအတွက် Full-Scholar ပါလျှောက်ထားနိုင်မည့် Kaigo Course
Kaigo Course (ဘိုးဘွားပြုစုစောင့်ရှောက်ရေး) – ဒီလမ်းကြောင်းကတော့ ပညာအရည်အချင်းလည်းမလိုသလို ကုန်ကျစရိတ်လည်း အလွန်ကိုသက်သာပါတယ်။ အထက်တန်းအောင်ထားရင်တော့ စလျှောက်လို့ရပါတယ်။ 50% ,80%,100% စကော်လာကြေးရနိုင်ပြီး SKI နဲ့ ချိတ်ဆက်ထားတဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Language School မှာ (2) နှစ်တက်ပြီးရင် Kaigo College မှာနောက်ထပ် (2) နှစ်တက်ပြီး Kaigo ပညာရှင်လက်မှတ် ရအောင် အထိ သင်ပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။
ကုန်ကျစရိတ်အနေနဲ့ စကော်လာပေးမယ့် လုပ်ငန်းရှင်တွေကလည်းရှိတာကြောင့် အရမ်းကို သက်သက်သာနဲ့ ပညာရှင်လိုမျိုး အလုပ်လုပ်ခွင့်ရမှာဖြစ်ပါတယ်။
ဒါကြောင့် Kaigo Course လမ်းကြောင်းက – (၉)နှစ် Plan ဖြစ်ပြီး Language School (2) နှစ် + College (2) နှစ် + Kaigo ပညာရှင်အနေနဲ့ (5) နှစ်အလုပ်လုပ်နိုင်ပြီး စုစုပေါင်း (9) – ဂျပန်မှာ ရေရှည်အလုပ်လုပ်ချင်သူတွေနဲ့ သင့်တော်တဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
🏅ဂျပန်နိုင်ငံမှာ ကောလိပ်နှင့် တက္ကသိုလ်ဆက်တက်ချင်သူတွေတွက် Japanese Language Specialized Course
Japan Language Specialized Course – ဂျပန်နိုင်ငံမှာလည်း ကျောင်းဆက်တက်ချင်တယ် … EJU Course လောက်လည်း ငွေမသုံးချင်သူတွေအတွက် ဒီလို Course ကိုရွေးချယ်နိုင်ပါတယ်။ Japan Language Specialized Course ကို SKI နဲ့ ချိတ်ဆက်ထားတဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Language School မှာ (2) နှစ်တက်ရောက်ပြီးတဲ့အခါ Collage ဆက်တက်နိုင်ပြီး Collage မှတဆင့် ကျောင်းစရိတ်ကုန်ကျမှု သက်သာအောင်အတွက်လည်း သတင်းစာ Scholar လိုချင်သူတွေအတွက် Scholarship လျှောက်ပေးမယ့် အစီအစဉ် လည်း ထပ်ရှိပါသေးတယ်။
အထက်ပါ သင်ရိုး (၄)ခုထဲက ဘယ်သင်ရိုးပဲလျှောက်လျှောက်..
အချိန်ပိုင်းအလုပ်(၂၈)နာရီ၊ အဆောင်၊ နဲ့ အခြားကျောင်းဖက်က ၀န်ဆောင်မှုပေးမယ့်အရာတွေက အကုန် ပံ့ပိုးပေးမှာက စိတ်ပူစရာမလိုပါဖူး။
ကျောင်းစရိတ်ကုန်ကျမှု သက်သာအောင်- သတင်းစာ Scholar လိုချင်သူတွေအတွက် Engineering Course, Japanese Language Specialized Course တွေတက်ဖို့ရည်စူးထားသူတွေက ၀င်လျှောက်လို့ရပါတယ်။
2023/July Intake – ခေါ်ဆိုမည့် လူဦးရေ – ကျား/မ (၂၀) ဦး
✨အထက်ပါ သင်ရိုး (၄)ခုလုံးအတွက် အခြေခံလိုအပ်သော အရည်အချင်းများက…
1). အသက် ၁၈ နှစ်အထက်- ၃၀ နှစ်အောက် (၁၆ နှစ်- ၁၀တန်းအောင်ကျောင်းသားများက မိဘခွင့်ပြုချက်နှင့်ဆို တက်လို့ရနိင်ပါတယ်)
2).ဂျပန်စာ N5 လက်မှတ်ရှိသူနှင့်အထက် / N4 အထိသင်ကြားပြီးမြောက်ထားသူ (Engineer course နှင့် Kaigo Course အတွက်က N4 လက်မှတ်ရှိသူဦးစားပေး) (JLPT,JTEST,NAT-TEST,TOP-J Level A တင်ပြလို့ရသည်)
3).စကော်လာလျှောက်ထားမည့်သူက စပွန်ဆာနှင့်ပတ်သတ်သောစာရွက်စာတမ်းများ တင်ပြရန်မလို (မလျှောက်ထားသူသာလျှင် မိဘထောက်ပံ့ပေးနိုင်မှု ခိုင်ခိုင်မာမာပြရန်လိုပါသည်)

SKI -SEIKO ICHI Japanese Language Training School& Education Service

(ဂျပန်ဘာသာစကားလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်း)

☎️ – 09 408 053 736, 09 456 856 361

🏠 SKI ဘူတာရုံလမ်းကျောင်း – အမှတ် (51/B1), ပထမထပ်၊ အခန်း (၅)၊ ဘူတာရုံလမ်းမှတ်တိုင်အနီး၊ အင်းစိန်လမ်းမပေါ်၊ လှိုင်မြို့နယ်၊ ရန်ကုန်။

🏠SKI မြောက်ဒဂုံကျောင်း-အမှတ် 957 A32 ရပ်ကွက်၊ဘုရင့်နောင်လမ်း(ကျောင်းလမ်း)၊မြောက်ဒဂုံ။

More Events